notes and study aids on Myanmar language

Thursday 28 January 2010

Monastic vocabulary



This word list contains monastic vocabulary applicable to nuns and monks and conversations between lay people and nuns/monks.

Verbs for actions done by lay people towards monks/nuns

ဆွမ်းကပ် ။ to offer food (to a monk/nun)
ဆွမ်းလောင်း ။ to offer/place food (into the bowl of a monk/nun)
ဆွမ်းဖိတ် ။ to invite (a monk/nun to visit)
ဆွမ်းကျွဲး ။ to feed (a monk/nun)
ဘုရားပန်းကပ် ။ to give/offer a flower (to a monk/nun)
ဝတ္ထုကပ်/လှူ ။ to give/offer money (to a monk/nun)
နဝကမ္မလှူ ။ to give/offer money (to a monk/nun)
ပင့် ။ to invite (a monk/nun to visit)
လျောက် / လျောက်တင် / လျောက်ထား ။ to talk (to a monk/nun)

Verbs for actions done by monks/nuns

ကြွ ။ to walk/go
သီတင်းသုံး ။ to live
စံ ။ to live
ကျိန်း ။ to sleep
မိန့် / ဟော / ဟောကြား / ပြောကြား ။ to talk
ပျံလွန်တော်မူ / ပျံတော်မူ ။ to die

pronouns / nouns

တပည့်တော် ။ I (when speaking as a lay person to a monk/nun)
အရှင်ဘုရား ။ you (when speaking as a lay person to a monk/nun)
ဆရာလေး ။ a term of respect for a nun
ဆရာကြီး ။ a term of respect for a senior nun
ဂေါပက / နုဂ္ဂဟအဖွဲ့ ။ caretaker organisation that looks after a monastery, meditation centre or pagoda
နယက ။ chairperson (of a religious organisation​, such as ဂေါပက or နုဂ္ဂဟအဖွဲ့)
ဘုန်ကြီးပျံပွဲ / ဧယဥ်ကျူး ။ a monk's/nun's funeral

Expressions by lay people to monks/nuns

"မီန်တော်မူပါဘုရား" ။ “please speak” (as said by a lay person to a monk/nun)
"တင်ပါဘုရား" ။ “yes/okay” (as said by a lay person to a monk/nun)
"မှန်ပါဘုရား" ။ “yes/okay” (as said by a lay person to a monk/nun)

Wednesday 27 January 2010

The Karen Dana Association

The text presented here is taken from a KIC article concerning a recent meeting of the Karen Dana Association. The article was released on the 8th of January 2009. Words in bold are listed with an English translation in the vocabulary section below.

Text:

ဇွဲကပင် ပညာဒါနအသင်း အစည်းဝေးကြီး အောင်မြင်စွာပြီးဆုံး
ဇန်နဝါရီ ၈ရက်။ စောအဲခေါင် (ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ဇွဲကပင်ပညာဒါနအသင်း(ကေဒီအေ)၏ ၁၀ကြိမ်မြောက် အစည်းအဝေးကြီးကို ဇန်နဝါရီလ ၃ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

အဆိုပါအစည်းအဝေးကို ဘန်ကောက်မြို့၊ နွန်ထဘူရီရှိ ဝတ်နခွန်းအင်ကျောင်းတိုက်တွင် ကျင်းပခြင်းဖြစ်ပြီး မျိုးဆက်သစ်ကရင်လူငယ်များအတွက် ကရင်ပြည်တွင် ပညာရေးဌာနတခု ပေါ်ထွန်းလာရန်နှင့် ပြည်ပတွင် ပညာသင်ကြားနေသည့် ကရင်ရဟန်း သံဃာများအား ပံ့ပိုးကူညီနိုင်ရန် ထိုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်သည်ဟု ကေဒီအေ တာဝန်ရှိသူတဦးက ကေအိုင်စီကို ပြောဆိုသည်။

“အသင်းအနေနဲ့က လက်ရှိ ပြည်ပမှာ လက်လှမ်းမှီရာ ကရင့်သံဃာ ၃၅ပါးကို တနှစ်တကြိမ် ထောက်ပံ့တယ်။ နောက်ပြီး ကရင်ပြည်နယ်မှာ ကရင်လူငယ်တွေအတွက် ပညာရေးဌာတခု ပေါ်ထွန်းလာဖို့အတွက် ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နိုင်ငံတကာရောက်နေတဲ့ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်တယ်”ဟု ပြောဆိုသည်။

အဆိုပါအစည်းအဝေးကို ကေဒီအေ နယကကြီး အရှင်ဦးကုမရအပါအဝင် ကရင့်ရဟန်း သံဃာတော်များ၊ ကေဒီအေ အသင်းဝင်များနှင့် ဧည့်ပရိသတ်များစုစုပေါင်း ၁၀၀၀နီးပါးခန့် တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

အစည်းအဝေးကို ၆လတကြိမ်ခေါ်ယူကျင်းပခြင်းဖြစ်ပြီး ယခုတကြိမ်အစည်းအဝေးသည် အသင်းသားများ၏ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် အောင်မြင်မှုရှိသည်ဟု ကေဒီအေ အသင်းပိုင် ဘလော့ဝတ်ဆိုက်ဘ် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ဇွဲကပင် ပညာဒါနအသင်းသည် လက်ရှိ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့နှင့် ဘန်ကောက်မြို့ပြင်တနေရာတွင် အသင်းဌာနခွဲများ ဖွဲ့စည်းနိုင်ခဲ့ပြီး အဖွဲဝင်စုစုပေါင်း ၃၀၀ကျော်ရှိပြီဖြစ်သည်။

ကေဒီအေ အသင်းကို လွန်ခဲ့သည့် ၂၀၀၅ခုနှစ်က ဘန်ကောက်မြို့တွင် တည်ထောင်ခဲ့ပြီး ပညာတတ် ကရင်ရဟန်းတော်များနှင့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာရန်၊ အမျိုးဘာသာသာသနာနှင့် ယဥ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရောက်ရန်နှင့် ကရင်အမျိုးသားများ၏ ဘာသာရေး၊ လူမူရေး၊ စီးပွားရေးဆိုင်ရာ အသိညဏ်များ ဖွဲ့ဖြိုးတိုးတက်လာစေရန် ရည်ရွက်တည် ထောင်ခဲ့ခြင်းဖြစ်သည်။

Tuesday 26 January 2010

Myanmar font



To display Myanmar script, this blog uses Myanmar Padauk Unicode font, which is available here.

However, some browsers (especially on Macs) have difficulty displaying Myanmar Unicode properly. This is especially the case if you have previously installed ZawgyiOne or another Myanmar font, as they compete for dominance as the default font for displaying Myanmar script in your browser.

Therefore, if you are having trouble, check your default font in your browser's options. Make sure to set it to Padauk. This will not cause problems for displaying Roman script because the Padauk Unicode font also includes Roman characters.

If you are still having trouble, try viewing the text in a different browser. Or, try copying the text and pasting it in a word processor.

If none of these strategies work, please leave a comment and let me know what system and browser you are using. (Not that I'll have any idea how to fix the problem, but it would be interesting to know which systems/browsers have issues with the Unicode).

Sunday 24 January 2010

Ngaba (1)

This excerpt is the initial text from the start of Maung Htin's classic satirical novel Ngaba, first published in 1947.


Text:

သူ့ကို သူ့သားသမီး ငါးယောက်က အဖေလို့ ခေါ်သည်။ သူ့မယားက “ဒီမှာ”လို့ ခေါ်သည်မှာ များသည်။ တစ်ခါတစ်ခါတော့လဲ၊ သူ့မယားက ပါးစပ် မဖွင့်ဘဲ၊ “ဟင်း... ဟင်း”လို့ အချက်ပေးလိုက်လျှင်၊ သူ့ကို ခေါ်သည်ပင်ဖြစ်၏ ဟူ၍ သူ အမှတ်သညာ ပြုထားသည်။ သူ့မိဘများကမူကား “ငဘ”ဟု အားပါးတရအာလုပ်သံကြီး‌‌နှင့် ခေါ်လေ့ရှိသည်။ သူ့မိဘများ‌‌နှင့် ရင်း‌‌နီးသော လယ်ရှင်ဦးသာဂေါင်ကြီးကမူ၊ “ဟေ့... ငဘ”ဟု မြိ‌‌န်ရေရှက်ရေ ခေါ်တတ်သည်။ သူ့ထက် ငယ်သူများမှာကား တောဓလေ့ ယဉ်ကျေး ပျူငှာစွာ “ကိုငဘ”ဟု ခေါ်ကြသည်။

ငဘအဖို့ ထို‌‌နာမည်ကလေးသည် “‌‌နားဝင်ပီယံ” ဖြစ်ချေသည်။ သူ့အဖို့ဘာ‌‌နာမည်ပဲ တပ်ပြီးခေါ်ခေါ်လယ်သမားသည် လယ်သမားပင် ဖြစ်သည် မဟုတ် ပါလော။

ငဘသည် လယ်ရှင်ဦးသာဂေါင်ထံမှ ဧက အစိတ် လောက်ကို တစ်‌‌နှစ်လျှ သီးစားခ ‌‌နှစ်ရာ့ငါးဆယ်‌‌နှင့် လယ်ငှားလုပ်သည်။ ယင်းသို့ လုပ်ကိုင်လာသည်မှာ ဦးသာဂေါ်၏ မိဘ အဆက်ဆက် သူ၏ မိဘ အဆက်ဆက်တို့မှ စ၍၊ သီးစားဘဝကို အမွေအ‌‌နှစ်ခံကာ လုပ်ကိုင်လာခြင်း ဖြစ်သည်။ ဦးသာဂေါင်ဆိုသော လယ်ပိုင်ရှင်မှာ ကု‌‌န်သင့်သမျှသာ ကု‌‌န်ကျရမည်ဟူသော ဝါဒကိုလက်ကိုင်ပြုသူ ဖြစ်လေရကား၊ ငါးမူးတ‌‌န် စာချုပ် စက္ကူပေါ်တွင် ဘယ်‌‌နံရောခါမှ ရက်စွဲမတပ်ဘဲ၊ ငဘ၏ လက်ဝဲလက်မ ပုံစံကိုသာ ယူပြီးလျှင်၊ အရှင်အစိုးရမင်းတို့ အသိအမှတ်ပြုပါရ‌‌န် ခိုင်မာစွာ စာချုပ်-ချုပ်ဆိုထားပြီးမှ အလုပ် လုပ်သူ ဖြစ်သည်။ ဒီလို စေ့စပ်မှ ကောင်းသည်။ “‌‌နို့မို့ရင် ဘယ်‌‌နှယ်ဗျာ၊ ‌‌နစ်တိုင်းနစ်တိုင်း ပိုက်ဆံငါးမူးကု‌‌န်‌‌နေမှဖြင့် မခက်ပါလား”ဟု ဦးသာဂေါင်ကြီးပြောလေ့ပြောထရှိသည်။

The first Bhikkunis



This text has been taken from chapter 30 of The Illustrated History of Buddhism published by the YMBC in Yangon. The text recounts the origins of the Order of Bhikkunis. Although the book provides an English translation, it is not quite literal. So, I've included my own version here. The photo below accompanies the text and shows the soon-to-be-Bhikkunis waiting at the gates of the Vesali Monastery.


The text is as follows:

ဗုဒ္ဓမြတ်စွာသည် ကပိလဝတ်ပြည် ‌‌နီဂြောဓာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် မိထွေးတော် ဂေါတမီသည် သာကီဝင်မျိုး မင်းကတော် ငါးရာ‌‌နှင့်အတူ ဘုရားအထံတော်သို့ လာ၍ မာတုဂါမတို့အား ဘိက္ခု‌‌နီပြုလုပ်ခွင့်ပေးပါရ‌‌န် တောင်ပ‌‌န်လေသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာသည် "မတော်ဘူ ဂေါတမီ၊ သာသ‌‌နာတော်၌ မာတုဂါမများ၏ ရဟ‌‌န်းပြုခြင်းကိုသင် မ‌‌နှစ်သက်ပါ‌‌နှင့်" ဟု ပယ်ရှားတော်မူသဖြင့် စိတ်မချမ်းမသားရရှာလေသည်။

ထို့‌‌နောက် ဗုဓ္ဒမြတ်စွာသည် ဝေသာလီပြည်၌ သီတင်းသုံးတော်မူစဉ် သာကီဝင်မင်းကတော် ငါးရာ‌‌နှင့်အတူ မိမိတို့ဘာသာ ဆံပင်ရိတ်၍ ဘိက္ခု‌‌နီအဝတ်ကို ဆင်လျက် ဘုရားရှင်ထံ လိုက်ကြပြ‌‌န်ရာ ကျောင်းတိုက်တွင်းသို့ မဝင်ဝံ့သောကြောင့် တံခါးပေါက်၌ ရပ်‌‌နေကြလေသည်။ ထိုအခါ အရှင်အာ‌‌န‌‌န္ဒာမြင်၍ ဘုရားထံသွားပြီးလျှင် မာတုဂါမများအား ဘိက္ခု‌‌နီပြုလုပ်ခွင့် ပေးပါရ‌‌န် အတ‌‌န်တ‌‌န်တော‌‌င်းပ‌‌န်မှ အခွင့်ရသဖြင့် ဘိက္ခု‌‌နီသာသ‌‌‌‌နာ ပေါ်လာလေသည်။

Here is the same text in JPG (click to enlarge):


Vocabulary:

ကပိလဝတ်ပြည် ။ the country of Kapilavatthu
နီဂြောဓာရုံကျောင်းတိုက် ။ Banyan Park Monastery
သီတင်းသုံး ။ (for monks) to reside
မိထွေး ။ mother's younger sister; step-mother
မာတုဂါမ ။ women (term used by monks)
ပယ်ရှား ။ to reject
ဝေသာလီပြည် ။ the country of Vesali
အတ‌‌န်တ‌‌န် ။ repeatedly

[vocabulary as JPG:]


My translation:

While the noble Buddha was residing in Banyan Park Monastery, [his] aunt Gautami together with 500 royal women of the Sakya clan came to the Lord [Buddha] and requested for women to be given permission to ordain as Bhikkunis. At that time, the noble Buddha [said] "[It's] not proper Gautami. You should not want the ordination of women in the Order." As a result of being rejected and with a saddened heart she went away.

After that, while the noble Buddha was residing in Vesali, [Gautami] together with 500 royal Sakya women cut of their hair and putting on Bhikkuni robes [and] returned to the Lord [Buddha]. Because [they] did not date enter the monastery, they stood in the entrance way. At that time, Ashin Ananda saw [them] and went to the Lord [Buddha], [and] only when [Ananda] had repeatedly asked that permission be granted for the ordination of women, permission was received, resulting in the emergence of the Order of Bhikkunis.

Saturday 23 January 2010

The history of Thamanya Hill



This short text has been taken from the Illustrated Biography of Thamanya Sayadaw (အဘိဓအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိနယ သာမညတောင် ဆရာတော်ဘုရားကြီး ပုံပြဘဝဖြစ်စဉ်), which was released in 2003 around the time of the Sayadaw’s death. The cover is shown below.


This passage (p.64-65) relates the ancient history of two pagodas that the Sayadaw found atop Thamanya Hill when he first ascended the hill with two local novices in the year 1342 Myanmar era (1980 CE).

ဤရှေးဟောင်းစေတိနှစ်ဆူ၏ မူလကောင်းမှုတော်ရှင် ဘုရားဒါယိကာမှာ
ပုဂံသက္ကရာဇ် ၃၉၀/၄၀၀ တစ်ဝိုက်က ပုဂံစစ်သည်များ၏ တိုက်ခိုက်မှုကြောင့်
မနုဟာမင်း၏ သုဝဏ္ဏဘူမိ သထုံပြည်ပျက်သဖြင့် ကိုယ်လွတ် ရုန်း၍ တိမ်းရောင်ခဲ့ရသော မုတ္တမ မိဖုရားဖြစ်၏
မုတ္တမမီဖုရားသည် ကော့ဂွ‌‌န်းဂူတွင်ပု‌‌န်းအောင်း ‌‌နေရာမှ လုံခြုံမှု ကို စိတ်မချသဖြင့် အရှေ့ဘက်ကမ်းဖြတ်ကူး၍
စပါးပုံကြီး‌‌နှင့်တူသဖြင့် ဒေသခံမွ‌‌န်တို့ အခေါ်ဒေးမဲ့စော့ (စပါးစေ့တောင်) ခြေတွင် စခ‌‌န်းချ ရင်း၊ တောင်ထိပ်တွင် စေတိ‌‌နှစ်ဆူထည်ထားကိုကွယ်ပြီး
မုတ္တမသို့ပြ‌‌န်ရောက်‌‌နိုင်ရ‌‌န် ဆုတောင်းပတ္တ‌‌နာပြုလျက်စေထိထော် ‌‌နှစ်ဆူ၏ ဘွဲ့ကို မြတ်စော‌‌ညီ‌‌နောင်ဟု သမုတ်၍ အလံဘိသိတ်ခံယူလေသည်။

The JPG below contains the same Myanmar text for those without Myanmar Unicode and the Padauk font needed to display the text above.


My translation:

[About] the Lady benefactor for the original meritorious deed of [establishing] these two ancient pagodas.

In the period 390/400 of the Bagan era, as a result of the destruction of King Manuha's nation of Suvannabhumi Thaton from the fighting of Bagan soldiers, the escape and evasion of the Queen of Mottama took place.

As the Queen of Mottama was not at ease with [her] security, [she] crossed from [her] location to the far bank of the [Salween] river in order to hide in Kawgone Cave.

While setting up camp at the base of "Daymehsaw" (Rice Seed Mountain)—so called by the native Mons because of [its] similarity to a large mound of rice seeds—at the summit [she] established two pagodas and worshiped.

While praying to be able to return to Mottama, [she] ‌designated the two pagodas to be named "The Noble Holy Brothers" and they were consecrated with a flag.

Thursday 21 January 2010

An explanatory note



This venue is intended to serve primarily as an outlet for notes on Myanmar language. The content, including word lists, grammar points and short translations, is meant to serve as a study aid in my own efforts to improve my quite limited Myanmar (Burmese) language capacity.

Ideally, others may be able to provide input or corrections regarding my inevitable errors. If so, I will be particularly appreciative. If anyone else is able to make use of this material for their own personal study efforts, that will be an additional benefit.