notes and study aids on Myanmar language

Sunday 24 January 2010

Ngaba (1)

This excerpt is the initial text from the start of Maung Htin's classic satirical novel Ngaba, first published in 1947.


Text:

သူ့ကို သူ့သားသမီး ငါးယောက်က အဖေလို့ ခေါ်သည်။ သူ့မယားက “ဒီမှာ”လို့ ခေါ်သည်မှာ များသည်။ တစ်ခါတစ်ခါတော့လဲ၊ သူ့မယားက ပါးစပ် မဖွင့်ဘဲ၊ “ဟင်း... ဟင်း”လို့ အချက်ပေးလိုက်လျှင်၊ သူ့ကို ခေါ်သည်ပင်ဖြစ်၏ ဟူ၍ သူ အမှတ်သညာ ပြုထားသည်။ သူ့မိဘများကမူကား “ငဘ”ဟု အားပါးတရအာလုပ်သံကြီး‌‌နှင့် ခေါ်လေ့ရှိသည်။ သူ့မိဘများ‌‌နှင့် ရင်း‌‌နီးသော လယ်ရှင်ဦးသာဂေါင်ကြီးကမူ၊ “ဟေ့... ငဘ”ဟု မြိ‌‌န်ရေရှက်ရေ ခေါ်တတ်သည်။ သူ့ထက် ငယ်သူများမှာကား တောဓလေ့ ယဉ်ကျေး ပျူငှာစွာ “ကိုငဘ”ဟု ခေါ်ကြသည်။

ငဘအဖို့ ထို‌‌နာမည်ကလေးသည် “‌‌နားဝင်ပီယံ” ဖြစ်ချေသည်။ သူ့အဖို့ဘာ‌‌နာမည်ပဲ တပ်ပြီးခေါ်ခေါ်လယ်သမားသည် လယ်သမားပင် ဖြစ်သည် မဟုတ် ပါလော။

ငဘသည် လယ်ရှင်ဦးသာဂေါင်ထံမှ ဧက အစိတ် လောက်ကို တစ်‌‌နှစ်လျှ သီးစားခ ‌‌နှစ်ရာ့ငါးဆယ်‌‌နှင့် လယ်ငှားလုပ်သည်။ ယင်းသို့ လုပ်ကိုင်လာသည်မှာ ဦးသာဂေါ်၏ မိဘ အဆက်ဆက် သူ၏ မိဘ အဆက်ဆက်တို့မှ စ၍၊ သီးစားဘဝကို အမွေအ‌‌နှစ်ခံကာ လုပ်ကိုင်လာခြင်း ဖြစ်သည်။ ဦးသာဂေါင်ဆိုသော လယ်ပိုင်ရှင်မှာ ကု‌‌န်သင့်သမျှသာ ကု‌‌န်ကျရမည်ဟူသော ဝါဒကိုလက်ကိုင်ပြုသူ ဖြစ်လေရကား၊ ငါးမူးတ‌‌န် စာချုပ် စက္ကူပေါ်တွင် ဘယ်‌‌နံရောခါမှ ရက်စွဲမတပ်ဘဲ၊ ငဘ၏ လက်ဝဲလက်မ ပုံစံကိုသာ ယူပြီးလျှင်၊ အရှင်အစိုးရမင်းတို့ အသိအမှတ်ပြုပါရ‌‌န် ခိုင်မာစွာ စာချုပ်-ချုပ်ဆိုထားပြီးမှ အလုပ် လုပ်သူ ဖြစ်သည်။ ဒီလို စေ့စပ်မှ ကောင်းသည်။ “‌‌နို့မို့ရင် ဘယ်‌‌နှယ်ဗျာ၊ ‌‌နစ်တိုင်းနစ်တိုင်း ပိုက်ဆံငါးမူးကု‌‌န်‌‌နေမှဖြင့် မခက်ပါလား”ဟု ဦးသာဂေါင်ကြီးပြောလေ့ပြောထရှိသည်။


Vocabulary:

အားပါးတရ ။ heartily
အာလုပ်သံ ။ a form of address
မြိ‌‌န်ရေရှက်ရေ ။ with appreciation
ပျူငှာစွာ ။ cordially
နားဝင်ပီယံ ။ pleasant to hear
သီးစားခ ‌‌။ rent to cultivate land
အဆက်ဆက် ။ in succession
အမွေအ‌‌နှစ် ။ inheritance
နံရောခါ ။ whenever
ရက်စွဲ ။ date
အသိအမှတ်ပြု ။ to acknowledge
ခိုင်မာ ။ irrefutable
စေ့စပ် ။ to settle, negotiate
နို့မို့ရင် ။ "Oh!"
ဘယ်‌‌နှယ်ဗျာ ။ "what the hell!"

My translation:

His five sons and daughters called him father. His wife often called him “Right Here!” Sometimes, his wife, without opening her mouth signalled to him with “Hey... hey,” and this is how he was called. And his parents, heartily with a great address called him “Ngaba.” And U Tha Gaung, who was close with his parents, was able to call him with appreciation, “Hey... Ngaba!” As for those who were younger than him, according to traditional rural culture [they] called him “older brother Ngaba.”

For Ngaba, those nicknames were sounds pleasant to hear. For him, whatever name he was called, was he not a farmer?

With a yearly cultivation rent of 250, Ngaba rented and worked about a quarter of an acre from [his] landlord U Tha Gaung. Similarly, his parents had had to work for U Tha Gaung's parents and in succession he inherited and started a tenant life and has come to work for [U Tha Gaung]. The landlord called U Tha Gaung, being the person who sets the fee policy according to the relevant amount of commodities, irrespective of when it was [he] would not put a date on the five kyat [government land rental] contract, [but he] took Ngaba's left thumb print in order to get an acknowledgement by the [colonial] government officers that the contract was irrefutably signed, then he [Ngaba] was [allowed to be] a worker. Only when [he had] settled [the contract] in this way was it good. "Oh! What the hell? Every year there's a five kyat fee. Is this not difficult?" U Tha Gaung would say.

0 comments:

Post a Comment