notes and study aids on Myanmar language

Wednesday 27 January 2010

The Karen Dana Association

The text presented here is taken from a KIC article concerning a recent meeting of the Karen Dana Association. The article was released on the 8th of January 2009. Words in bold are listed with an English translation in the vocabulary section below.

Text:

ဇွဲကပင် ပညာဒါနအသင်း အစည်းဝေးကြီး အောင်မြင်စွာပြီးဆုံး
ဇန်နဝါရီ ၈ရက်။ စောအဲခေါင် (ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ဇွဲကပင်ပညာဒါနအသင်း(ကေဒီအေ)၏ ၁၀ကြိမ်မြောက် အစည်းအဝေးကြီးကို ဇန်နဝါရီလ ၃ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

အဆိုပါအစည်းအဝေးကို ဘန်ကောက်မြို့၊ နွန်ထဘူရီရှိ ဝတ်နခွန်းအင်ကျောင်းတိုက်တွင် ကျင်းပခြင်းဖြစ်ပြီး မျိုးဆက်သစ်ကရင်လူငယ်များအတွက် ကရင်ပြည်တွင် ပညာရေးဌာနတခု ပေါ်ထွန်းလာရန်နှင့် ပြည်ပတွင် ပညာသင်ကြားနေသည့် ကရင်ရဟန်း သံဃာများအား ပံ့ပိုးကူညီနိုင်ရန် ထိုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်သည်ဟု ကေဒီအေ တာဝန်ရှိသူတဦးက ကေအိုင်စီကို ပြောဆိုသည်။

“အသင်းအနေနဲ့က လက်ရှိ ပြည်ပမှာ လက်လှမ်းမှီရာ ကရင့်သံဃာ ၃၅ပါးကို တနှစ်တကြိမ် ထောက်ပံ့တယ်။ နောက်ပြီး ကရင်ပြည်နယ်မှာ ကရင်လူငယ်တွေအတွက် ပညာရေးဌာတခု ပေါ်ထွန်းလာဖို့အတွက် ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နိုင်ငံတကာရောက်နေတဲ့ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်တယ်”ဟု ပြောဆိုသည်။

အဆိုပါအစည်းအဝေးကို ကေဒီအေ နယကကြီး အရှင်ဦးကုမရအပါအဝင် ကရင့်ရဟန်း သံဃာတော်များ၊ ကေဒီအေ အသင်းဝင်များနှင့် ဧည့်ပရိသတ်များစုစုပေါင်း ၁၀၀၀နီးပါးခန့် တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

အစည်းအဝေးကို ၆လတကြိမ်ခေါ်ယူကျင်းပခြင်းဖြစ်ပြီး ယခုတကြိမ်အစည်းအဝေးသည် အသင်းသားများ၏ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် အောင်မြင်မှုရှိသည်ဟု ကေဒီအေ အသင်းပိုင် ဘလော့ဝတ်ဆိုက်ဘ် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ဇွဲကပင် ပညာဒါနအသင်းသည် လက်ရှိ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့နှင့် ဘန်ကောက်မြို့ပြင်တနေရာတွင် အသင်းဌာနခွဲများ ဖွဲ့စည်းနိုင်ခဲ့ပြီး အဖွဲဝင်စုစုပေါင်း ၃၀၀ကျော်ရှိပြီဖြစ်သည်။

ကေဒီအေ အသင်းကို လွန်ခဲ့သည့် ၂၀၀၅ခုနှစ်က ဘန်ကောက်မြို့တွင် တည်ထောင်ခဲ့ပြီး ပညာတတ် ကရင်ရဟန်းတော်များနှင့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာရန်၊ အမျိုးဘာသာသာသနာနှင့် ယဥ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရောက်ရန်နှင့် ကရင်အမျိုးသားများ၏ ဘာသာရေး၊ လူမူရေး၊ စီးပွားရေးဆိုင်ရာ အသိညဏ်များ ဖွဲ့ဖြိုးတိုးတက်လာစေရန် ရည်ရွက်တည် ထောင်ခဲ့ခြင်းဖြစ်သည်။


Vocabulary:

အဆိုပါ ။ aformentioned
ပေါ်ထွန်း ။ to emerge and come into prominence
ပံ့ပိုး ။ to help
အနေနဲ့ ။ from the position of...
လက်လှမ်းမှီ ။ to be within reach
နယက ။ chairperson [of a religious organisation]
ဧည့်ပရိသတ် ။ guests in attendance
နီးပါး ။ nearly
စည်းစည်းလုံးလုံး ။ in unity
ဘလော့ဝတ်ဆိုက်ဘ် ။ Website blog
သာသနာ ။ [religious] teaching
ထိန်းသိမ်းစောင့်ရောက် ။ to protect
ဆိုင်ရာ ။ concerning
အသိညဏ် ။ intelligence, knowledge

Translation:

Zwekabin Wisdom-Donation Group conference has been successfully completed
January 8, Saw Eh Kaung (KIC)

Thailand - It has been learned that the Bangkok-based Zwekabin Wisdom-Donation Group [Karen Dana Association] (KDA)'s 10th conference was successfully conducted on the 3rd of January.

The aforementioned meeting was conducted in Wat Nakhonin monastery in Nonthaburi, Bangkok. This meeting was held in order to support monks of the Karen Sangha who are studying outside of the country and to establish an education department for the new generation of young people in Karen State, an official from the KDA said to KIC.

“In the current situation of the Association, [it is able (within reach)] to support 35 Karen monks [who] are outside the country. Afterwards, [the Association will] continue tasks for for the emergence of an education department for Karen young people in Karen State. And donors who have arrived and are staying in international countries are invited [to contribute],” [the KDA official] said.

In the aforementioned meeting, including KDA Chairperson Ashin U Kumara, Karen monks, KDA members and guests, [there were] about nearly 1,000 [people] who attended, it is known.

A meeting is to be called and held once every six months and because Association members conducted the current meeting with unity, [it] was successful, as written and presented on the KDA website blog.

Presently, the Zwekabin Wisdom Donation Association has been able to form Association sections in Hat Yai town in Southern Thailand and at a location outside of Bangkok, and there are over 300 organisation members.

Previously, the KDA Association was established in Bangkok in 2005 for the emergence of educated Karen monks and a new generation of young people, with the aim to protect the cultural heritage and manner of religious teaching and to develop knowledge concerning the Karen people's religion, society and economy.

0 comments:

Post a Comment